Frequently Asked Questions

Web Developmnet ဆိုတာဘာလဲ ?

Web Development ဆိုတာ Internet ( world wide web ) or Intranet ( private network ) သုံးဖို့ အတွက် website တစ်ခုရေးသား ဖန်တီးခြင်းဘဲဖြစ်ပါတယ်.
Web Development လို့ခေါင်းစဉ်တပ်တဲ့ နေရာမှာ Single Simple Static Page လို့ခေါ်တဲ့ ရိုးရှင်းတဲ့  စာမျက်နှာ တစ်မျက်နှာစာဘဲ ပါတဲ့ website လေးမှ စပြီး  ကြီးမား ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့  Dynamic Web application တွေအထိပါဝင်ပါတယ်

Web Development tasks ဆိုတာဘာလဲ ?

Web Development ရဲ့ခေါင်းစဉ်အောက် မှာ ဆင့်ပွားခေါင်းစဉ်ပေါင်းများစွာပါရှိပါတယ်
web engineering, web design, web content development, client liaison, client-side/server-side scripting, web server and network security configuration, and e-commerce development, etc.
အဲ့ဒီလိုခေါင်းစဉ်တွေ အားလုံးဟာလည်း သူ့အတိုင်းအတာနဲ့သူ Professional လမ်းကြောင်းတွေ အဖြစ်ရပ်တည်နိုင်ပါတယ်

static website vs dynamic website

Static Website
Static Website ဆိုတာက တော့ HTML,CSS and JavaScript တွေဖြင့် Web Page တွေကို ရေးသားထားပြီး Website တည်ဆောက်ထားပါတယ်


Dynamic Website

Dynamic Website ဆိုတာကတော့ HTML,CSS, JavaScript အပြင် Server-side scripting langauge တစ်ခုခုနဲ့ (PHP, ASP, JSP, or etc) ရေးသားတည်ဆောက်ထားပါတယ်

What is HTML?

Html ကတော့ Hyper Text Markup Language ဖြစ်ပြီး Web Page များရေးသားဖန်တီးဖို့ အတွက်ဖြစ်ပါသည်။ Html file တစ်ခုတည်ဆော်ကတော့မည်ဆိုလျှင် Extension သည် .html သိမ်းဆည်းပြီး Web Browsers ( eg. chrome, firefox, Microsoft Internet Explorer, etc. )  များ Run ကြည့်နိုင်ပါသည်။ Hypertext ဆိုတာကတော့ Web Pages တွေဟာ တစ်ခုနဲ့ တစ်ခု Link ချိတ်ဆက်ပြီး သုံးလို့ရအောင် ဖန်တီးထားတဲ့ Page များဖြစ်ပါတယ်။ အဲ့ဒီ Web Pages များကိုစုစည်းပြီး မိမိ ဖန်တီးလိုသော WebSite / Web Application များကို ဖန်တီးနိုင်ပါသည်။

What is CSS ?

CSS ဆိုတာကတော့ ကျွန်တော်တို့ ရေးသားခဲ့တဲ့ Web Pages တွေကို Styles တွေ အပြောင်းအလဲ ပြုလုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ မိမိရေးသားထားခဲ့သော HTML Web Pages တွေကို ပိုပီး လှပ သပ်ရပ်လာအောင် ပြုလုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။

What is JavaScript ?

JavaScript ဆိုတာကတော့  Programming Language တစ်ခုဖြစ်ပြီး ယျေဘူယျ အားဖြင့် HTML Web Pages များ လုပ်ဆောင်ချက်များ အတွက် အသုံးပြုကြပါသည်။ ယျေဘူယျအားဖြင့် Client Side Scripting များအတွက် အသုံးပြုကြပါသည်။

Client Side ဆိုတာဘာလဲလို့ ရှင်းပြဖို့လိုသွားပါြ့ပီ၊ Client Side ဆိုတာက ကျွန်တော်သုံးနေတဲ့ Web Application, Website တွေ ကို Browser ပေါ်မှာ Run တဲ့အခါမှာ အဲ့ဒီ Browser ပေါ်မှာဘဲ အပြောင်းအလဲတွေ Validation စစ်တာမျိူးးတွေကို Client Side ဖြစ်တဲ့ Browser ( eg. chrome, firefox, Microsoft Internet Explorer, etc. ) ပေါ်မှာဘဲ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ အဲ့ဒီလိုမျိူးဖြစ်စဉ်တွေကို Client Side ကိုခေါ်ပါတယ်။
ယျေဘူယျ အဖြစ်အပျက်များသာ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် JavaScript သည် ပိုပြီး အင်အားကြီးမားလာနေပြီဖြစ်ပါသည်။ JavaScript ဖြစ် Client Side သာမက တစ်ခြားသောလုပ်ဆောင်ချက်များစွာကို ပင်လုပ်ဆောင်လာနိုင်ပါသည်။ JavaScript ဖြင့်နာမည်ကြီးသော နည်းပညာများမှာ Node.js, Anuglar JS, Vue.js, etc. များစွာရှိပါသည်။ ထို့ကြောင့် ဲ JavaScript သည်လည်း ယနေ့ခေတ်တွင် ပိုပြီးသေသေချာခာျ လေ့လာသိရှိသင့်သော Programming Language တစ်ခုဖြစ်ပါသည်။

ယျေဘူယျ အကြောင်းအရာများသာ ဖြစ်ပါသည်။

PHP ဆိုတာဘာလဲ ?

PHP ဆိုတာကတော့ Web Application တွေရေးသားတဲ့ နေရာမှာသုံးတဲ့ Server Side Scripting Language တစ်ခုဖြစ်ပါသည်။

PHP နဲ့ ဘာတွေဖန်တီးလို့ရနိုင်ပါလဲ ?

ယျေဘူယျအားဖြင့် PHP နဲ့ Website ( static and dynamic ) တွေ၊ Web Application တွေ ကိုတည်ဆောက်နိုင်ပါတယ်။
Wordpress,Dupral တို့လိုမျိူး Open Source Content Management System မျိူးတွေလည်းရေးသားဖန်တီးနိုင်ပါတယ်။ နောက်ထပ်သုံးလို့ရသည့်နည်းလမ်းပေါင်းများစွာရှိပါသေးသည်။

PHP ရေးဖို့ အတွက် ဘာတွေလိုအပ်ပါသလဲ ?    

eg. PHP ကို Window OS တစ်ခုမှာ ရေးသားအသုံးပြုချင်သည်ဆိုခဲ့လျှင်
ကျွန်တော်တို့ PHP နဲ့ Website / Web Application တွေကိုရေးသားသည့်အခါ ( မိမိကိုယ်ပိုင်စက်ထဲတွင်ရေးသားသည့် အခါ  - local လို့သုံးနှုံးကြပါသည် ) PHP Script တွေကို Run ဖို့ အတွက် PHP serverice and Web Server ( Apache Web Server ) တစ်ခု မိမိစက်ထဲတွင် ကြိုတင်ပြီး Install လုပ်ထားဖို့လိုအပ်ပါသည်။ ထို့အတူ Database Engine ( eg. MySql ) တစ် ခုခုလည်း Install လုပ်ထားဖို့လိုပါသည်။ သို့မှသာ မိမိရဲ့ကိုယ်ပိုင်စက် ( local ) ထဲတွင် PHP ဖြင့် Website / Web Application များကို ရေးသားပြီး Run နိုင်ပါသည်။

Apache, PHP, and MySql Installation အတွက် XAMPP ဆိုသည့် Control Panel ကို Window OS တွင် Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။
XAMPP သည် PHP, MySql, Apache စသည့် Services များကို စုစည်းထားသည့် Installer Page ( Panel ) တစ်ခုဖြစ်ပါသည်။

Laravel ဆိုတာဘာလဲ ?

Laravel ဆိုတာကတော့  PHP နဲ့ရေးသားဖန်တီးထားတဲ့ Open source MVC Framework တစ်ခုဖြစ်ပါတယ်။
Laravel ကိုသုံးပြီး သေးငယ်တဲ့ Static Website လေးများ ကြီးမားရှုပ်ထွေးသည့် Web Application များအထိရေးသားဖန်တီးနိုင်ပါတယ်။ ယျေဘူယျ သဘောတရာားမျှသာရှိပါသေးတယ်။ နောက်ထပ် အသုံးချလို့သည့် နည်းလမ်းပေါင်းများစွာရှိပါသေးသည်။

Hosting ဆိုတာဘာလဲ ?

hosting ဆိုတာကတော့ မိမိရေးသားထားသော Website / Web Application များကို Setup and Configuration ပြုလုပ်ပြီး Run လို့ရနိုင်သည့် OS တစ်ခုဖြစ်ပါသည်။ Hosting သည် Server OS အမျိူး အစားတစ်ခုဖြစ်ပြီး မိမိတို့ Local PC များကဲ့သို့ OS အမျိူးအစား Machicne တစ်ခုသာဖြစ်ပါသည်။
Window OS များတွင်လည်း Desktop Version and Server Version ဆိုတာရှိပြီး Linux OS များတွင်လည်း Desktop Version and Server Version  ဆိုပြီးခွဲခြားတည်ရှီကြပါသည်။ Local တွင် Website / Web Application ကို Development လုပ်ပြီးသည့် သည့် အခါတွင် Real Live Webiste / Web Application အနေဖြင့် Run နေရန်အတွက် မိမိတို့ Website / Web Application ကို Hosting Server တစ်ခုခုထဲတွင်  Host လုပ်ပေးရပါမည်။


Shared Hosting, VPS ဆိုတာဘာလဲ  ?

Hosting လို့သည်နေရာတွင် Shared Server, VPS, Dedicated Server လားဆိုပြီးရွေးချယ်ကြရပါသည်။

Shared Hosting ဆိုသည်မှာ တစ်စုံတစ်ယောက်က Hosting တစ်ခုကိုဝယ်ယူထားပြီး  Software ဖြင့် အကန့်ခွဲ အပိုင်းခွဲရောင်းချသည်ကို ဝယ်ယူအသုံးပြုသည့် Hosting အမျူးိးအစားဖြစ်ပါသည်။ ဈေူးနှုံးအားဖြင့် သက်သာစေပြီး မိမိမှ System တစ်ခုလုံးရဲ့ Whole Configuration များကို ကိုယ်တွင်ခွင့် မရှိကြပါ ( ယျေဘူယျ အားဖြင့် )။ ( မိမိ ဝယ်ယူလိုက်သော Hosting Service ပေါ်မူတည်ပါတယ် )

VPS ဆိုတာကတော့  Virtual Private Server ဖြစ်ပါတယ်။ Physical Server အဖြစ် တည်ရှိမနေဘဲ Virtual Server အဖြစ်တည်ရှိနေပါသည်။
အားသာချက်အနေနှင့် မိမိ Server တစ်ခုလုံးကို မိမိကိုယ်တိုင် ချယ်လှယ်ခွင့်ရရှိခြင်းဖြစ်ပါသည်။ အားနည်းချက်အနနေဖြစ့် မိမိကိုယ်တိုင် အစအဆုံး Setup, Instalaltion, Configuration and Security ကို ထိန်းသိန်းပေးရခြင်းဘဲဖြစ်ပါတယ်။ ( မိမိဝယ်ယူလိုက်သော VPS Service ပေါ်မူတည်ပါတယ် )

ထို VPS ထဲတွင်လည်း မိမိရဲ့ Local Machine ကဲ့သို့ Web Server ( eg. Apache, Nginx ), PHP, DataBase ( eg. MySql ) စသည့် Service များကို သင့်လျော်သလို Install and Configuration ပြုလုပ်ပြီး မိမိတို့ ရေးသားခဲ့သည့် Website / Web Application များကို Setup and Configuration များပြုလုပ်ပြီး Live Server များအဖြစ် Online မှ အသုံးပြုနိုင်အောင် ဖန်တီးကြရပါသည်။