PHP Web Developer တစ်ယောက်သိသင့်သော ယျေဘူယျ ခေါင်းစဉ်များ - ၂
...


PHP ဆိုတာဘာလဲ ?
PHP ဆိုတာကတော့ Web Application တွေရေးသားတဲ့ နေရာမှာသုံးတဲ့ Server Side Scripting Language တစ်ခုဖြစ်ပါသည်။

PHP နဲ့ ဘာတွေဖန်တီးလို့ရနိုင်ပါလဲ ?
ယျေဘူယျအားဖြင့် PHP နဲ့ Website ( static and dynamic ) တွေ၊ Web Application တွေ ကိုတည်ဆောက်နိုင်ပါတယ်။
Wordpress,Dupral တို့လိုမျိူး Open Source Content Management System မျိူးတွေလည်းရေးသားဖန်တီးနိုင်ပါတယ်။ နောက်ထပ်သုံးလို့ရသည့်နည်းလမ်းပေါင်းများစွာရှိပါသေးသည်။

PHP ရေးဖို့ အတွက် ဘာတွေလိုအပ်ပါသလဲ ?
eg. PHP ကို Window OS တစ်ခုမှာ ရေးသားအသုံးပြုချင်သည်ဆိုခဲ့လျှင်
ကျွန်တော်တို့ PHP နဲ့ Website / Web Application တွေကိုရေးသားသည့်အခါ ( မိမိကိုယ်ပိုင်စက်ထဲတွင်ရေးသားသည့် အခါ  - local လို့သုံးနှုံးကြပါသည် ) PHP Script တွေကို Run ဖို့ အတွက် PHP serverice and Web Server ( Apache Web Server ) တစ်ခု မိမိစက်ထဲတွင် ကြိုတင်ပြီး Install လုပ်ထားဖို့လိုအပ်ပါသည်။ ထို့အတူ Database Engine ( eg. MySql ) တစ် ခုခုလည်း Install လုပ်ထားဖို့လိုပါသည်။ သို့မှသာ မိမိရဲ့ကိုယ်ပိုင်စက် ( local ) ထဲတွင် PHP ဖြင့် Website / Web Application များကို ရေးသားပြီး Run နိုင်ပါသည်။

Apache, PHP, and MySql Installation အတွက် XAMPP ဆိုသည့် Control Panel ကို Window OS တွင် Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။
XAMPP သည် PHP, MySql, Apache စသည့် Services များကို စုစည်းထားသည့် Installer Page ( Panel ) တစ်ခုဖြစ်ပါသည်။

ယျေဘူယျ အကြောင်းအရာများသာ ဖြစ်ပါသည်။

Wai Yan Aung
@Digital Tree