PHP Web Developer တစ်ယောက်သိသင့်သော ယျေဘူယျ ခေါင်းစဉ်များ - ၁
...


What is HTML?

Html ကတော့ Hyper Text Markup Language ဖြစ်ပြီး Web Page များရေးသားဖန်တီးဖို့ အတွက်ဖြစ်ပါသည်။ Html file တစ်ခုတည်ဆော်ကတော့မည်ဆိုလျှင် Extension သည် .html သိမ်းဆည်းပြီး Web Browsers ( eg. chrome, firefox, Microsoft Internet Explorer, etc. )  များ Run ကြည့်နိုင်ပါသည်။ Hypertext ဆိုတာကတော့ Web Pages တွေဟာ တစ်ခုနဲ့ တစ်ခု Link ချိတ်ဆက်ပြီး သုံးလို့ရအောင် ဖန်တီးထားတဲ့ Page များဖြစ်ပါတယ်။ အဲ့ဒီ Web Pages များကိုစုစည်းပြီး မိမိ ဖန်တီးလိုသော WebSite / Web Application များကို ဖန်တီးနိုင်ပါသည်။

What is CSS ?
CSS ဆိုတာကတော့ ကျွန်တော်တို့ ရေးသားခဲ့တဲ့ Web Pages တွေကို Styles တွေ အပြောင်းအလဲ ပြုလုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ မိမိရေးသားထားခဲ့သော HTML Web Pages တွေကို ပိုပီး လှပ သပ်ရပ်လာအောင် ပြုလုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။

What is JavaScript ?
JavaScript ဆိုတာကတော့  Programming Language တစ်ခုဖြစ်ပြီး ယျေဘူယျ အားဖြင့် HTML Web Pages များ လုပ်ဆောင်ချက်များ အတွက် အသုံးပြုကြပါသည်။ ယျေဘူယျအားဖြင့် Client Side Scripting များအတွက် အသုံးပြုကြပါသည်။

Client Side ဆိုတာဘာလဲလို့ ရှင်းပြဖို့လိုသွားပါြ့ပီ၊ Client Side ဆိုတာက ကျွန်တော်သုံးနေတဲ့ Web Application, Website တွေ ကို Browser ပေါ်မှာ Run တဲ့အခါမှာ အဲ့ဒီ Browser ပေါ်မှာဘဲ အပြောင်းအလဲတွေ Validation စစ်တာမျိူးးတွေကို Client Side ဖြစ်တဲ့ Browser ( eg. chrome, firefox, Microsoft Internet Explorer, etc. ) ပေါ်မှာဘဲ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ အဲ့ဒီလိုမျိူးဖြစ်စဉ်တွေကို Client Side ကိုခေါ်ပါတယ်။
ယျေဘူယျ အဖြစ်အပျက်များသာ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် JavaScript သည် ပိုပြီး အင်အားကြီးမားလာနေပြီဖြစ်ပါသည်။ JavaScript ဖြစ် Client Side သာမက တစ်ခြားသောလုပ်ဆောင်ချက်များစွာကို ပင်လုပ်ဆောင်လာနိုင်ပါသည်။ JavaScript ဖြင့်နာမည်ကြီးသော နည်းပညာများမှာ Node.js, Anuglar JS, Vue.js, etc. များစွာရှိပါသည်။ ထို့ကြောင့် ဲ JavaScript သည်လည်း ယနေ့ခေတ်တွင် ပိုပြီးသေသေချာခာျ လေ့လာသိရှိသင့်သော Programming Language တစ်ခုဖြစ်ပါသည်။

ယျေဘူယျ အကြောင်းအရာများသာ ဖြစ်ပါသည်။


Wai Yan Aung
@Digital Tree