Voyager - The Missing Laravel Admin
...


Laravel Framework အတွက် Ready-made Admin Package တစ်ခုဖြစ်ပါတယ်။ Free Package တစ်ခုလည်းဖြစ်ပါတယ်။

လေ့လာလိုလျှင်တော့ Official Website "https://voyager.devdojo.com/" မှာ သွားရောက်လေ့လာနိုင်ပါတယ်။ အစအဆုံး အသုံးပြုပုံများ အားလုံးကိုလည်း Documents များ Video Tutorials များလည်းစုံလင်စွာ Supporting ပေးထားတာလည်းတွေ့ရှိပါတယ်။

Laravel Framework မှာ Admin Panel တစ်ခုကို ကိုယ်တိုင်တည်ဆောက်လိုလျှင်ဘဲဖြစ်ဖြစ်၊ တည်ဆောက်ပြီးသား Admin Panel တစ်ခုကို ယူသုံးလိုလျှင်ဘဲဖြစ်ဖြစ် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

 ရရှိနိုင်သည့် အကျိူးကျေးဇူးများ -
- Admin Panel တစ်ခု ဘယ်လိုတည်ဆောက်ထားသလဲ
- Admin Panel တစ်ခုရဲ့ Basic Function Concepts များ
- Admin Panel တစ်ခုရဲ့ Idea / Logic များ
- Voygaer BREAD Builder ( CRUD Generator )

Extra Work အနေနဲ့တော့ Voyager Package Usages တွေကို သေချာစွာလေ့လာဖို့ လိုအပ်သွားတာဘဲဖြစ်ပါတယ်။

Laravel Framework ကိုလေ့လာလိုသော/နေသော Developer များအတွက် အသုံးဝင်သော Admin Panel Package တစ်ခုဖြစ်နိုင်ပါတယ်။